မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်ခဲ့ဖူးတဲ့ စီးရီးအေကလပ် အူဒီးနီးစ်မှာ တွဲဖက်ကစားခဲ့ဖူးပြီး လက်ရှိ နာပိုလီအသင်းသားတစ်ဦးဖြစ်နေတဲ့ ဇီလင်စကီးနဲ့ နောက်ထပ်တစ်ကြိမ် အသင်းဖော်တွေအဖြစ် တွဲဖက်ကစားချင်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AS English

နာပိုလီကွင်းလယ်လူ ဇီလင်စကီးနဲ့ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ (၂)ယောက်ဟာ ၂၀၁၃ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ အူဒီးနီးစ်အသင်းမှာ ကျင်လည်ခဲ့ကြဖူးတဲ့ အသင်းဖော်ဟောင်း(၂)ယောက်ဖြစ်ပြီး ပိုလန်လက်ရွေးစင် ကစားသမား ဇီလင်စကီးကနေ အူဒီးနီးစ်ကနေ နာပိုလီကို ရောက်ရှိခဲ့ရသလို ဖာနန်ဒက်စ်ကတော့ အူဒီးနီးစ်ကနေ စပို့လင်းလစ္စဘွန်းဆီ ရောက်ရှိခဲ့ပြီး နောက်ဆုံးမှာတော့ ယူနိုက်တက်အသင်းဆီ ရောက်ရှိခဲ့ရပါတယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်က သူရဲ့အသင်းဖော်ဟောင်း ဇီလင်စကီးကို ယူနိုက်တက်အသင်းဆီ ရောက်ရှိစေချင်နေပြီး နောက်တစ်ကြိမ် တွဲဖက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SPORTbible

အသင်းဖော်ဟောင်း ဇီလင်စကီးနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “နည်းစနစ်ပိုင်းအရဆိုရင် ဇီလင်စကီးက ကျွန်တော့်ထက်ကို ကောင်းကောင်းလေ့ကျင့်သင်ကြားနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့(၂)ယောက်လုံး အကောင်းဆုံးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အရင်တုန်းကတော့ ဇီလင်စကီးက ရှက်တတ်တဲ့ ကောင်လေးတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေက မတူကွဲပြားတဲ့ နိုင်ငံတွေကနေ ထွက်ပေါ်လာတဲ့သူတွေ စိတ်နေစိတ်ထား မတူညီတဲ့သူတွေ။ အဲ့ဒါတွေကပဲ ကျွန်တော်တို့ (၂)ယောက်ကြား ကွဲပြားခြားနားတဲ့ အရာတွေ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့တွေရဲ့ ဆက်ဆံရေးကတော့ အရမ်းကောင်းမွန်ခဲ့တယ်။ သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်။ ကျွန်တော် သူ့ကို တော်တော်သဘောကျတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျွန်တော်သူနဲ့ စကားပြောခဲ့သေးတယ်။ ငါ မင်းနဲ့ နောက်တစ်ကြိမ် တွဲဖက်ကစားချင်သေးတယ်လို့။ ဒါကြောင့် လာမယ့်အနာဂတ်မှာ ကျွန်တော်တို့ (၂)ယောက် အသင်းဖော်တွေ ပြန်ဖြစ်လာနိုင်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ကျွန်တော့်အတွက်ဆိုရင် သူက တကယ့်ကို ထိပ်တန်းကစားသမားတစ်ယောက်ပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဇီလင်စကီးဟာ ဒီနှစ်ဘောလုံးရာသီမှာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၃)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

The post အသင်းဖော်ဟောင်းတစ်ဦးနဲ့ ပြန်လည်တွဲဖက်ကစားလိုကြောင်း ဖာနန်ဒက်စ် ဖွင့်ဟပြောဆို appeared first on MySport Myanmar.