ရင်သားက မျိုးရိုးဗီဇ၊ စားသောက်ပုံ ပုံစံစတဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အရွယ်အစားမတူပါဘူး။ ကိုယ့်မျိုးရိုးမှာ ရင်သားသေးတဲ့ သူများရင် ကိုယ်လည်း သူတို့လို ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရင်သားကို စားသောက်ပုံ ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းစတဲ့ ကြိုးစားမှုတွေနဲ့ နဂိုကထက် ပိုဖွံ့ဖြိုးလာအောင် ကြိုးစားနိုင်ပါတယ်။ အ

ကောင်းဆုံးကတော့ အားကစားရုံ Gym မှာ သွားဆော့တာပါပဲ။ သင်က ကိုယ့်အိမ်မှာပဲ အားကစား လုပ်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အောက်ဖော်ပြပါ လေ့ကျင့်ခန်းတွေအတွက် သားရေဆွဲကြိုး Band လိုအပ်ပါတယ်။

လေ့ကျင့်ခန်း ၁- Band Floor Press

  • သားရေကြိုးကို အိပ်လျက်နဲ့ နှစ်ဖက်မြှောက်ကိုင်ထားကာ အပေါ်အောက် ဆန့်ကွေး လုပ်ပေးရပါမယ်။
  • အောက်ချတဲ့အချိန် လက်တံတောင်နှစ်ဖက်က မြေပြင်နဲ့ ထိနေရပါမယ်။
  • အခါ ၂၀ သုံးကြိမ်လုပ်ပေးရပါမယ်။

Source: YouTube

လေ့ကျင့်ခန်း ၂- Band Chest Fly

  • ပုံထဲကလို အလေးတုံး သုံးနိုင်သလို Band ကိုလည်း သုံးနိုင်ပါတယ်။ လုပ်ပုံ ပုံစံ အတူတူပါပဲ။
  • သားရေဆွဲကြိုးကို နောက်ဘက် ကျောနဲ့ အမှီပြုပြီး လက်နှစ်ဖက်နဲ့ ဘေးဘက်ဆွဲကာ ရှေ့ဘက် ရင်ဘတ်ဆီ စုပေးရပါမယ်။
  • ပြန်ကားတဲ့အချိန် လက်နှစ်ဖက်က ကွေးလျက်အနေအထားနဲ့ အပေါ်ညွှန်ပြတဲ့ ပုံစံ ဖြစ်ရပါမယ်။ ဒါကိုလည်း အခါ ၂၀ သုံးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Spotebi

လေ့ကျင့်ခန်း ၃- Svend Press with Prayer Hands

  • လက်နှစ်ဖက်ကို ရှေ့ဘက် ဘုရားရှိခိုးတဲ့ပုံစံ ထပ်ထားပေးရပါမယ်။ ရှေ့ဘက် ဆန့်ပေးရပါမယ်။
  • အလေးတုံးရှိရင် ပုံထဲကလို ပြုလုပ်နိုင်ပါတယ်။
  • ပြီးနောက် ဆုတောင်းတဲ့ပုံစံကိုပဲ ရင်ဘတ်ဆီနီးအောင် ကွေးပေးရပါမယ်။ ဒါကို ၁၅ ခါ သုံးကြိမ်လုပ်ရပါမယ်။

Photo Source: Oxygen Mag
လေ့ကျင့်ခန်း ၄- Push Up

  • Push Up ကတော့ ရင်သားကြီးချင်သူတွေအတွက် အဓိက အရေးကြီးတဲ့ လေ့ကျင့်ခန်းပါပဲ။
  • သင်က တစ်ဖြောင့်တည်း ဒိုက်မထိုးနိုင်ရင် ဒူးကွေးကာ ဒိုက်ထိုးနိုင်ပါတယ်။ ၁၂ ခါ သုံးကြိမ် လုပ်ပေးရပါမယ်။

Photo Source: Giphy

Easier Version


Photo Source: Healthline

By MyStyle Myanmar