အခုနောက်ပိုင်းမှာဆိုရင် Fancy လက်စွပ်လေးတွေ ဝတ်တာမျိုးက အရမ်းကိုခေတ်စားလာပါတယ်။ အထူးသဖြင့် လူငယ်ကောင်မလေးတွေကြားမှာ ရေပန်းစားနေတာမျိုးပေါ့။ Fancy မဝတ်ပဲ ကိုယ်တိုင်ကြိုက်တဲ့ဒီဇိုင်းကို ရွှေဆိုင်မှာအပ်တာမျိုးတွေလည်း လုပ်လို့ရတဲ့အတွက် အဓိကကတော့ ဒီဇိုင်းပါပဲ။ ဒါကြောင့် အရမ်းပြူးပြဲနေတာမျိုးတွေ၊ အကြီးကြီးတွေမကြိုက်တဲ့သူတွေအတွက် လူငယ်ဆန်ပြီးချစ်ဖို့ကောင်းတဲ့ လက်စွပ်ဒီဇိုင်းသေးသေးလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်တိုင်မဝတ်ပဲ လက်ဆောင်ပေးချင်ရင်လည်း တော်တော်လေးအဆင်ပြေပါတယ်နော်။

ဒီလက်စွပ်ဒီဇိုင်းလေး ၂ မျိုး ဆိုရင် ကိုယ်တိုင်ဝတ်မယ်ဆိုလည်း တော်တော်လေးလှပြီး ချစ်ဖို့ကောင်းပါတယ်။ Fancy ပဲဖြစ်ဖြစ်၊ ရွှေလက်စွပ်ကိုမှ ကျောက်လေးနဲ့ပဲဖြစ်ဖြစ်၊ စိန်နဲ့ပဲဖြစ်ဖြစ် ဒီဇိုင်းအပ်ရင်လည်း အရမ်းလှပါတယ်။ ကြီးတာမျိုးမကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက်တော့ ဒါလေးတွေက အသင့်တော်ဆုံးပါပဲ။

ဒီလက်စွပ်ဒီဇိုင်းလေးကျတော့ အသည်းပုံသေးသေးလေးနဲ့မို့ ချစ်ဖို့ကောင်းပါတယ်။ ကိုယ့်ကောင်မလေးကို လက်ဆောင်ပေးချင်တဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။ သေးသေးလေးမို့ လူငယ်ကောင်မလေးတွေအကြိုက်ပါပဲ။

ဒီလက်စွပ်ဒီဇိုင်းလေးကျတော့ ကိုယ့်နာမည်အစစာလုံးလေးကို ဝတ်ချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ နာမည်အစစာလုံးလေးကို ဝတ်ချင်ရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ Fancy ဆန်ပြီး ချစ်ဖို့ကောင်းတာပေါ့။

ဒီလက်စွပ်ဒီဇိုင်းလေးကျတော့ ကိုယ့်နာမည်အစစာလုံးလေးနဲ့ ကိုယ့်ချစ်သူနာမည်အစစာလုံးလေးကို ရိုဆန်ဆန်လေးလုပ်ထားတာမို့ ချစ်သူရှိတဲ့ကောင်မလေးတွေအတွက်ပါနော်။

ဒါလေးကတော့ ကြောင်ချစ်သူ၊ ခွေးချစ်သူလေးတွေအတွက်ပါ။ ကိုယ်တိုင်ဝတ်ချင်တဲ့သူတွေအတွက်ကော၊ လက်ဆောင်ပေးချင်တဲ့သူတွေအတွက်ကော အရမ်းချစ်စရာကောင်းပြီး ရိုးရိုးလေးနဲ့ဆန်းတဲ့ ဒီဇိုင်းလေးပါ။

ဒါကတော့ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးကို ကြိုက်တဲ့သူတွေအတွက်ပါ။ ကိုယ်တိုင်ဝတ်လည်းအဆင်ပြေ၊ လက်ဆောင်ပေးချင်လည်း အဆင်ပြေပါတယ်။ ဒါ့အပြင် Fancy ပဲဝတ်ဝတ်၊ ရွှေပဲဝတ်ဝတ် အရမ်းလှပါတယ်။

Crown ပုံစံ လက်စွပ်ဒီဇိုင်းလေးက ကောင်မလေးတိုင်းလိုလို ကြိုက်ကြပါတယ်။ ဒါလေးကျတော့ Fancy က ပိုလှပါတယ်။ ကောင်လေးတွေ ကိုယ့်ချစ်သူကောင်မလေးကို လက်ဆောင်ပေးချင်ရင် တော်တော်ကိုအဆင်ပြေတဲ့ ဒီဇိုင်းလေးပါ။

အခုနောက်ပိုင်းမှာဆိုရင် လိပ်ပြာဒီဇိုင်းလေးတွေက ဖက်ရှင်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် လက်စွပ်ကိုလည်း လိပ်ပြာဒီဇိုင်းဝတ်ချင်တဲ့သူတွေအတွက်ပါ။ Fancy ပဲဝတ်ဝတ်၊ ရွှေပဲဝတ်ဝတ် လှပါတယ်နော်။

photo source: www.freepik.com