တက်တူးထိုးချင်တဲ့ကောင်မလေးတွေနဲ့ အရမ်းကြီးတဲ့တက်တူးမျိုးမထိုးချင်တဲ့ ကောင်လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ စာသားတက်တူးဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီတက်တူးစာသားလေးတွေက သေးသေးလေး၊ တိုတိုလေးနဲ့ ချစ်ဖို့ကောင်းတာကြောင့် ကောင်မလေးတွေနဲ့ ပိုပြီးတော့လိုက်ဖက်မှာပါ။

Mom, Dad ဆိုတဲ့စာသားလေးနဲ့ လက်မှာတက်တူးထိုးရင်လည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးအပြင် ယောင်္ကျားလေးတွေလည်း ထိုးလို့အဆင်ပြေတဲ့ တက်တူးသေးသေးလေးပါ။

ခြေထောက်မှာတက်တူးထိုးချင်ရင်တော့ ဒီလိုနေရာမျိုးမှာ ဒီလိုစာသားလေးတွေနဲ့ထိုးရင် ချစ်ဖို့ကောင်းပါတယ်။

ခါးနေရာလေးမှာ စာသားတက်တူးထိုးမယ်ဆိုရင် ဒီလိုစာသားတိုတိုလေးထိုးတာက ချစ်ဖို့ကောင်းပါတယ်။ ခပ်မိုက်မိုက်လေးကြိုက်ရင်တော့ စာသားအရှည်လေးထိုးတာ ပိုမိုက်ပါတယ်။

အရမ်းသေးတာမျိုးမဟုတ်ပဲ ထင်းပြီးပေါ်နေတာမျိုးလေးထိုးချင်ရင်တော့ လက်မှာ ဒီလိုစာသားဒီဇိုင်းလေးတွေထိုးတာက ပိုမိုက်ပါတယ်။ မိန်းကလေးတွေနဲ့လည်းလိုက်သလို၊ ယောင်္ကျားလေးတွေနဲ့လည်း လိုက်ပါတယ်။

လက်ဖမိုးမှာပဲဖြစ်ဖြစ်၊ လက်ချောင်းလေးတွေကြားမှာပဲဖြစ်ဖြစ် ဒီလိုစာသာလေးထိုးမယ်ဆိုရင် အရမ်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။ မိန်းကလေးနဲ့လည်းလိုက်သလို၊ ယောင်္ကျားလေးနဲ့လည်း လိုက်ပါတယ်။

တချို့ကောင်မလေးတွေကျတော့ ရင်ဘတ်အပေါ်နားလေးမှာ တက်တူးထိုးရတာကို ကြိုက်ပါတယ်။ ဒီလိုနေရာလေးမှာ တက်တူးထိုးချင်ရင်တော့ ကိုယ်နှစ်သက်ရာ အဓိပ္ပါယ်ရှိတဲ့စာသားလေးနဲ့ ထိုးကြည့်ပါလို့ အကြံပေးချင်ပါတယ်။

Photo source: www.pinterest.com