ချယ်လ်ဆီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားတောင့်တင်းနေတဲ့ တိုက်စစ်ဖြစ်နေစေဖို့အတွက် နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေရာ အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ လူကာကူကို ပြန်လည်ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတာကြောင့် လူကာကူကို ခေါ်ယူရာမှာ အသုံးစရိတ် ရှာဖို့အတွက် အသင်းရဲ့ ကစားသမား(၅)ယောက်လောက်ကို ရောင်းချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ လူကာကူဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေပြီး အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ပိုင်ဆိုင်ထားသလို သွင်းဂိုးတွေလည်း သွင်းယူနိုင်နေတာကြောင့် သူ့ကို အသင်းဟောင်းချယ်လ်ဆီးဘက်ကနေ ပြန်လည်စိတ်ဝင်စားလာခဲ့ပြီး အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေပါတယ်။

Photo Credit : AP News

ဒါပေမယ့် လက်ရှိမှာ သူတို့ရဲ့အသင်းသားဟောင်း လူကာကူရဲ့တန်ကြေးက ယူရိုသန်းတစ်ရာလောက်အထိကို ရှိလို့နေတဲ့အတွက် ဒီလိုမြင့်မားလွန်းလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့အတွက် ချယ်လ်ဆီးဘက်ကနေ အသုံးစရိတ် ရှာဖွေတဲ့အနေနဲ့ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဂိုးသမားကယ်ပါ တောင်ပံကစားသမား အိုဒွိုင်း တိုက်စစ်မှူး အေဘရာဟမ်တို့အပြင် အသင်းက အငှားချထားခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ လော့တပ်ချိဖ်နဲ့ ဘာကလေတို့အားလုံးကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒီကစားသမားတွေအားလုံးဟာ ချယ်လ်ဆီးအသင်းမှာ အနာဂတ်မရေမရာ ဖြစ်လို့နေသူတွေဖြစ်ပြီး နည်းပြသောမတ်စ်တူဟယ်လ်ရဲ့ လက်အောက်မှာပါ နေရာပျောက်ဆုံးနေသူတွေဖြစ်လို့ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ နီးစပ်နေသူတွေဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အင်တာမီလန်က သူတို့ရဲ့ အဓိက ကစားသမား လူကာကူကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပေမယ့်လည်း လက်ရှိမှာ အသင်းက ဘဏ္ဍာရေးအခြေအနေတွေကြောင့် ကစားသမားတချို့ကို ရောင်းချပြီး ငွေရှာရဖွယ် ရှိနေတဲ့အပြင် ဒါကို လက်မခံနိုင်တဲ့ နည်းပြကွန်တီမှာလည်း မနေ့ကပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့ပါတယ်။ ဒါကြောင့် အသင်းတစ်သင်းသင်းကနေသာ လူကာကူကို ယူရိုသန်း(၁၀၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အင်တာဘက်ကလည်း ရောင်းချသွားရနိုင်ပါတယ်။

The post လူကာကူကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားဖို့အတွက် အသုံးစရိတ် ရှာဖွေသွားမယ့် ချယ်လ်ဆီး appeared first on MySport Myanmar.