ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူချယ်လ်ကတော့ အသင်းနဲ့ (၁၈)လပဲ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပေမယ့် လာမယ့်နွေစျေးကွက်ထဲမှာတော့ သူ့စိတ်ကြိုက် ကစားသမားသစ်တွေကို အသင်းဘက်ကနေ ခေါ်ယူအားဖြည့်ပေးဖွယ် ရှိနေတာကြောင့် တူချယ်လ်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကိုအတွက် ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ လက်ရှိ အသင်းရဲ့တိုက်စစ်ပိုင်းမှာ တီမိုဝါနာ တမ်မီအေဘရာဟမ်နဲ့ အိုလီဗာဂျရူးတို့ကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ဂျရူးက ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်သလို တိုက်စစ်ပိုင်းကို အင်အားကောင်းစေဖို့အတွက် ဟာလန်းလိုမျိုး အရည်အသွေးကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။ အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းကို ချယ်လ်ဆီးအပါအဝင် မန်စီးတီး ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေကလည်း အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး ဒေါ့မွန်ဘက်ကနေလည်း သူတို့ရဲ့ ကြယ်ပွင့်ကို အသင်းကနေ လက်မလွတ်ချင်တာကြောင့် ဟာလန်းကို ခေါ်ယူဖို့က ခက်ခဲဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Teamtalk

လတ်တလောမှာ ချယ်လ်ဆီးအသင်းဆီကို တူချယ်လ်ရောက်ရှိလာပြီးနောက် ဘွန်ဒစ်လီဂါပြိုင်ပွဲဝင် ကလပ်အသင်းတွေရဲ့ ကစားသမားတွေနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ပိုမိုထွက်ပေါ်လာခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့် ဟာလန်းအပြင် လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနိုနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် လတ်တလောမှာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ဆိုတဲ့ ကိစ္စရပ်မှာတော့ ကမ်းလှမ်းမှုတွေက ရပ်တန့်သွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းက တူချယ်လ်ကို အသင်းနည်းပြအဖြစ် မခန့်အပ်ခင်ကတည်းက ဟာလန်းကို စိတ်ဝင်စားနေတာဖြစ်ပြီး ဂိုးသွင်းအားအရမ်းကောင်းမွန်နေတဲ့ ဟာလန်းကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းဆီ ခေါ်ဆောင်ကာ ဝါနာနဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ အသုံးပြုချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့်နွေအတွင်း အသင်းရဲ့ခံစစ်ပိုင်းအတွက် နောက်ထပ်ဘွန်ဒစ်လီဂါ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုကိုလည်း အခြားကလပ်အသင်းတွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ အသင်းကို များစွာပြုပြင်သွားမယ့် တူချယ်လ်ကတော့ ဒီနေ့ညမှာပဲ သူရဲ့ချယ်လ်ဆီးနည်းပြဘဝ ပထမဆုံးပွဲအဖြစ် ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

The post ဟာလန်းကို အသင်းရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ ချယ်လ်ဆီးနည်းပြတူချယ်လ် appeared first on MySport Myanmar.