The International Federation of Football History & Statistics (IFFHS) ဆိုတဲ့ နိုင်ငံတကာ ဘောလုံးသမိုင်းကြောင်းနဲ့ အချက်အလက်စုစည်းမှု အဖွဲ့အစည်းကြီးကနေ ထုတ်ပြန်လာချက်များအရ ၂၀၁၁ခုနှစ်ကနေ ၂၀၂ဝခုနှစ်အထိ ဆယ်စုနှစ်တာ ကာလအတွင်း ကမ္ဘာပေါ်က အကောင်းဆုံးသော ဘောလုံးအသင်းအဖြစ် စပိန်လာလီဂါ ထိပ်သီးကလပ်အသင်း ဘာစီလိုနာက ရွေးချယ်ခံလိုက်ရသလို အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအသင်းအဖြစ်ကိုတော့ ချယ်လ်ဆီးအသင်းက သတ်မှတ်ခံရလိုက်ရပါတယ်။

Photo Credit : The Sun

IFFHS ရဲ့သတ်မှတ်ချက်အရ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကလပ်အသင်းတွေစာရင်းမှာ ချယ်လ်ဆီးက ထိပ်ဆုံးမှာ ရပ်တည်လို့နေပြီး မန်စီးတီးအသင်းက ဒုတိယနေရာ မန်ချက်စတာယူနိုက်တက်အသင်းက တတိယနေရာ အာဆင်နယ်အသင်းက စတုတ္ထနေရာ စပါးအသင်းက ပဥ္စမနေရာ လီဗာပူးလ်အသင်းက ဆဥ္စမနေရာနဲ့ အဲဗာတန်အသင်း သတ္တမနေရာတွေမှာ အသီးသီးရပ်တည်လို့နေပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ ၂၀၁၁ခုနှစ်ကနေ ၂၀၂ဝခုနှစ်အတွင်း ပြည်တွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ (၂)ကြိမ်ရရှိခဲ့ပြီး အက်အေဖလားနဲ့ လိဂ်ဖလားတို့ကိုလည်း တစ်ကြိမ်စီ ရယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ်မှာလည်း ဥရောပချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့သလို နည်းပြဘင်နီတက်ဇ်နဲ့ နည်းပြဆာရီတွေရဲ့လက်အောက်မှာလည်း ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဆယ်စုနှစ်အတွင်းမှာ ဆုဖလား(၇)ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၁၆ခုနှစ်မှာပဲ ထူးထူးခြားခြားအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၁၀)အထိကို ကျဆင်းခဲ့ရပါတယ်။ ချယ်လ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်ခွင်မရှိတော့ပေမယ့် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းထားသလို အက်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ကို တတ်လှမ်းထားလို့ ဖလား(၂)လုံး မျှော်လင့်ချက် ရှိလို့နေသလို လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာကို ရောက်ရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုလည်း မျှော်လင့်ချက်အားကောင်းလို့နေပါတယ်။

The post ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဆယ်စုနှစ်အတွင်း အကောင်းဆုံးအသင်းအဖြစ် ချယ်လ်ဆီးသတ်မှတ်ခံရ appeared first on MySport Myanmar.