ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဟယ်ရီကိန်းကို ကြီးမားတဲ့ ကမ်းလှမ်းမှုတခုနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယနေ့ နေ့လယ်ပိုင်းမှာ ဗြိတိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ တဦးချင်း ဆုတံဆိပ်များစွာ ရယူထားနိုင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတဦး ဖြစ်ပြီး စပါးအသင်းမှာ ကာလရှည် ရှိနေခဲ့ပေမယ့် ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပါးအသင်းကနေ ထွက်ခွာဖို့ တာစူနေသူပါ။

Photo Credit: Caught Offside

ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုတွေကို သိမ်းပိုက်ထားနိုင်သလို နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကိုလည်း ရယူထားနိုင်တာကြောင့် လက်ရှိ ဥရောပရဲ့ အဆုံးသတ်စွမ်းရည် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီးအသင်းတွေက စောင့်ကြည့်နေကြပေမယ့် အင်္ဂလန်မှာသာ ဆက်လက် ရှိနေချင်တဲ့ ဟယ်ရီကိန်းကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို ခေါ်ယူဖို့ ခပ်မြန်မြန် လှုပ်ရှားလာတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ ESPNရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ကီပါ ၊ အေဗရာဟမ်တို့ကို အလိုက်ပေးကာ သင့်တော်တဲ့ ငွေသား ပမာဏတခုနဲ့ ဟယ်ရီကိန်းကို စတင် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Caught Offside

စပါးအသင်းဟာ လက်ရှိမှာ အသင်းခေါင်းဆောင် ဝါရင့် ဂိုးသမားဖြစ်သူ လိုရစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် ဂိုးသမားတဦးကို လိုက်ရှာနေသလို ဟယ်ရီကိန်း ထွက်သွားပါက အသင်းအတွက် ဘောလုံးရာသီ တစ်ခုမှာ အနိမ့်ဆုံး သွင်းဂိုး ၂၅ဂိုးခန့် သွင်းယူပေးနိုင်မယ့် တိုက်စစ်မှူးတဦးကို ရှာဖွေရမှာ ဖြစ်တာကြောင့် ထိပ်တန်း လက်စွမ်းကောင်း ရှိပေမယ့် လက်ရှိမှာ ယုံကြည်ချက် ပျောက်ဆုံးနေတဲ့ ကီပါ ၊ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ဂိုး အထိ သွင်းယူထားနိုင်တဲ့ အေဗရာဟမ်တို့အပြင် အသားတင် ငွေသားပါ ရရှိမယ့် ကမ်းလှမ်းမှုဟာ စပါးအသင်း ဥက္ကဌလီဗိုင်း မျက်စိကျနိုင်တဲ့ ကမ်းလှမ်းမှု ဖြစ်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကီပါ ၊ အေဗရာဟမ်တို့အပြင် ငွေသား ဘယ်လောက် ကမ်းလှမ်းမလဲ ဆိုတာ အတိအကျ မသိရသေးပေမယ့် ကီပါ + အေဗရာဟမ် + ပေါင် ၅၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု ဖြစ်နိုင်ကြောင်း ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေက သတင်းဌာနတွေက ဖွင့်ဟ ပြောပြထားကြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုက ဟယ်ရီကိန်းရဲ့ တန်ကြေးနဲ့ ကိုက်ညီတယ်လို့ ထင်ကြလားဗျ…။

The post ကီပါ ၊ အေဗရာဟမ်တို့ အလိုက်ပေးပြီး ဟယ်ရီကိန်းကို ကမ်းလှမ်းတော့မယ့် ချယ်လ်ဆီး appeared first on MySport Myanmar.