ဘောလုံးရာသီတစ်ခုရဲ့ ဇာတ်သိမ်းပိုင်းကို ရောက်ရှိတော့မယ့် အချိန်အခါမျိုး ဖြစ်နေတာကြောင့် ဒီအချိန်မှာ အသင်းတိုင်းရဲ့ အားပြိုင်မှုတွေက ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်နေရပါတယ်။ ဒီတစ်ပတ်မှာတော့ စပိန်လာလီဂါက ဘောလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု အမြင့်ဆုံးကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေကြတဲ့ ကလပ်အသင်း(၄)သင်းက တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက်ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဘာစီလိုနာနဲ့ အသက်လက်တီကိုမက်ဒရစ်တို့ပွဲကို စတင်ကြည့်ရှုသွားရမှာဖြစ်ပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဂရန်နာဒါနဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရလိုက်တာနဲ့တင် အမှတ်ပေးဇယားထိပ်ကို တတ်လှမ်းနိုင်မှာဖြစ်ပေမယ့်လည်း အမှတ်မထင် အရေးနိမ့်ခဲ့ရလို့ ဒီပွဲက သူတို့အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် လုံးဝကို အမှားခံလို့ မဖြစ်တဲ့ပွဲတစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းမှာ မက်ဆီက ဂိုးမြူးလျက်ရှိနေပြီး နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၅)ပွဲမှာ (၇)ဂိုးတောင် သွင်းယူထားပါတယ်။

Photo Credit : Sky Sport

အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ အသက်လက်တီကိုကတော့ ဘာစီလိုနာကို (၂)မှတ်ဖြတ်ထားတယ်ဆိုပေမယ့် သူတို့အသင်းရဲ့ အဝေးကွင်းရလဒ်တွေက အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း(၅)ပွဲမှာ အယ်ချီတစ်သင်းတည်းကိုပဲ အနိုင်ရထားခဲ့ပါတယ်။ အဝေးကွင်းမှာဆိုရင် သူတို့အသင်းရဲ့တိုက်စစ်ပိုင်းက အလုပ်မဖြစ်ပဲ ရှိနေပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ဆွာရက်ဇ်က သူရဲ့အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်နိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : Bola

ဘာစီလိုနာအသင်းဟာ ဒီပွဲကို အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ပေမယ့်လည်း အသက်လက်တီကိုအသင်းနဲ့ နောက်ဆုံး(၃)ကြိမ် ရင်ဆိုင်ခဲ့ရာမှာ လုံးဝကို နိုင်ပွဲမရှိထားပဲ (၂)ပွဲရှုံး (၁)ပွဲသရေကျထားပါတယ်။ အသက်လက်တီကိုကတော့ ဒီပွဲမှာ သရေကျခဲ့ရင်တောင် ကျေနပ်စရာ ရလဒ်တစ်ခုလို့ မှတ်ယူနိုင်မှာဖြစ်လို့ ခံစစ်ပိုင်းကို ပိုမိုအလေးပေးလာဖွယ် ရှိနေပါတယ်။ အိမ်ကွင်းနူးကမ့်မှာတော့ အိမ်ရှင်ဘာစီလိုနာကို အသက်လက်တီကို အနိုင်ယူဖို့ မလွယ်ကူနိုင်ပါဘူး။ သရေကျဖို့များပြီး နိုင်မယ်ဆိုရင်တော့ အိမ်ရှင်ပဲ အနိုင်ရဖွယ် ရှိပါတယ်။

ဘာစီလိုနာ နဲ့ အသက်လက်တီကို (8:45PM)

The post နူးကမ့်မှာ အသက်လက်တီကိုအသင်းကို မဖြစ်မနေ အနိုင်ယူရတော့မယ့် ဘာစီလိုနာ appeared first on MySport Myanmar.