ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲသွားတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို ဥရောပထိပ်တန်း ကလပ်အသင်းများစွာကနေ ခေါ်ယူချင်နေကြပေမယ့် လက်ရှိမှာတော့ အဂွဲရိုးက သူရဲ့အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီရှိရာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားဖို့က အနီးစပ်ဆုံး အခြေအနေ ရှိလာခဲ့ပြီး အဂွဲရိုးရဲ့ အေးဂျင့်ဆီမှာတောင် စာချုပ်မူကြမ်းတစ်စောင် ရောက်ရှိနေပြီလို့ စပိန်သတင်းစာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : beIN SPORTS

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂွဲရိုးဟာ ဒီရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေလည်း သက်တမ်းမတိုးတော့သလို အဂွဲရိုးကလည်း အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ထားတာကြောင့် အဂွဲရိုးကို အသင်းတိုင်းကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အဂွဲရိုးကို ချယ်လ်ဆီး စပါး ဂျုဗင်တပ်စ် အင်တာမီလန်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားခဲ့ပေမယ့်လည်း ဒီအသင်းတွေထက် ဘာစီလိုနာအသင်းက လက်ဦးမှု ရယူနိုင်ခဲ့ပြီး အဂွဲရိုးကို ခေါ်ယူဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။

Photo Credit : CBS News

ဘာစီလိုနာအသင်းဟာ အသင်းအတွက် အထောင်တိုက်စစ်ကစားသမားတစ်ယောက်ကို အလိုရှိနေတာဖြစ်ပြီး ဒေါ့မွန်က နော်ဝေကြယ်ပွင့် အာလင်းဟာလန်း လိုင်ယွန်က နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းနဲ့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးတို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒီကစားသမား(၃)ယောက်ထဲကမှ ဒီပိုင်းနဲ့ အဂွဲရိုးတို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေ ဖြစ်နေတာကြောင့် ပြောင်းရွှေ့ကြေး မြင့်မားစွာနဲ့ ကမ်းလှမ်းရမယ့် ဟာလန်းထက် ဘောလုံးအတွေ့အကြုံလည်း ပိုများသလို ပြောင်းရွှေ့ကြေးပါ ပေးစရာမလိုတဲ့ အဂွဲရိုးကိုသာ ချဉ်းကပ်လာခဲ့ရတာဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အဂွဲရိုးရဲ့ အေးဂျင့်တွေက ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အဂွဲရိုးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ကာ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းကလည်း အသင်းရဲ့ အဓိက ကစားသမား မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့အတွက် မက်ဆီရဲ့လက်ရွေးစင်အသင်းဖော် အဂွဲရိုးကို အသင်းဆီ အရေခေါ်ဆောင်ပေးသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး အသင်းဆီ အရခေါ်ယူသွားနိုင်အောင် ဆောင်ရွှက်သွားမှာဖြစ်ပါတယ်။

The post ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့တဲ့ တိုက်စစ်မှူးအဂွဲရိုး appeared first on MySport Myanmar.