မျက်နှာမှာ ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အမဲစက်တွေ၊ အမာရွတ်တွေကို ပျောက်အောင်လုပ်ပေးနိုင်မယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ Skincare products တွေသုံးပြီး ပျောက်အောင်လုပ်လို့ရပေမယ့် သဘာဝနည်းလမ်းအတိုင်းပဲ လုပ်ချင်တဲ့သူတွေနဲ့ ငွေအကုန်အကျသက်သာချင်တဲ့သူတွေအတွက်တော့ ဒီနည်းလမ်းတွေက အရမ်းကိုအသုံးဝင်စေမှာပါ။

သံပယိုရည်

သံပယိုမှာက ဗီတာမင်စီကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်စီက အမဲစက်တွေကိုပါးသွားစေပြီး အသားအရေကို bright ဖြစ်စေပါတယ်။ မျက်နှာပေါ်က အမဲစက်နဲ့ အမာရွတ်တွေ ပျောက်သွားစေဖို့အတွက် သံပယိုရည်ကို အမဲစက်နဲ့အမာရွတ်တွေပေါ်မှာ သုတ်လိမ်းပေးပါ။ ခြောက်သွားရင် ရေအေးနဲ့ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ပေးရပါမယ်။ ဒါမှ တစ်ဖြေးဖြေးနဲ့ ပါးသွားပြီး အရှင်းပျောက်သွားမှာပါ။

ကြက်ဥအကာ

ကြက်ဥကို အနှစ်ဖယ်ပြီး အကာအရည်ကိုပဲယူပြီး အမဲစက်နဲ့အမာရွတ်တွေပေါ်ကို တိုက်ရိုက် သုတ်လိမ်းပေးပါမယ်။ ခြောက်သွားရင် ရေအေးနဲ့ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရပါမယ်။ ကြက်ဥအကာကလည်း အမဲစက်နဲ့ အမာရွတ်တွေကို ပါးသွားစေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာလည်း ဗီတာမင်စီကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် အမဲစက်နဲ့ အမာရွတ်တွေပါးသွားစေပြီး စွဲလုပ်သွားရင် အရှင်းပျောက်သွားမှာပါ။ လုပ်ရမယ့်ပုံစံကတော့ ခရမ်းချဉ်သီးကို အရည်ပျစ်ပျစ်ဖြစ်အောင် blender နဲ့ ကြိတ်လိုက်ပါ။ ရလာတာကိုမှ မျက်နှာတစ်ပြင်လုံးကိုလိမ်းထားလိုက်ပါ။ ၁၅ မိနစ်ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်လမှာ ၂ ကြိမ်လုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ရှားစောင်းလက်ပတ်အပင်ရဲ့အထဲက ဂျယ်လ်ကိုယူပြီး အမဲစက်နဲ့အမာရွတ်တွေကို ပွတ်ပေးပါ။ နည်းနည်းကြာကြာပွတ်ပေးပြီးရင် မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ခြောက်သွားပြီဆိုရင် မျက်နှာသစ်လည်းရသလို ဒီတိုင်းထားလိုက်လည်းရပါတယ်။ ဒီနည်းလမ်းကတော့ နေ့တိုင်းလုပ်ပေးလို့ ရပါတယ်။